Tuesday, July 24, 2012

ဖီအိုရင်တီးနား အသင်းကို ဂျိုဗီတစ်စွန့်ခွာမည် မဟုတ်ဟု သီယိုတီနာဖွင့်ဟ

ဂျူဗင်တပ် အသင်း၏ ပစ်မှတ် ဂျိုဗီတစ်သည် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် အသင်းမှ ထွက်ခွာမည် မဟုတ်ကြောင်း ဖီအိုရင်တီးနား အသင်း၏ ဆက်ဆံရေး ဒါရိုက်တာ သီယိုတီနိုမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဂျူဗင်တပ် အသင်းသည် ဂျိုဗီတစ် အတွက် ကနဦး ကမ်းလှမ်းမှု တစ်ရပ်ကို ငြင်းပယ်ခံခဲ့ရခြင်းကြောင့် ပြောင်းရွှေ့ကြေးကို ပေါင်(၂၅)သန်း တိုးမြှင့်ကမ်းလှမ်းခဲ့သည်ဟု ယူဆရသည်။ အဆိုပါ ကမ်းလှမ်းမှုမှာ ဖီအိုရင်တီးနာအသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀)နှင့် နီးစပ်သော်လည်း သီယိုတီနိုမှ ဂျိုဗီတစ်အား ဈေးကွက်အတွင်းမှ ထုတ်ပယ်ခဲ့ပြီ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
“စီတီဗန် ကျွန်တော်တို့နဲ့ ဆက်ရှိနေမယ်လို့ ထင်ပါတယ်၊ အသင်းဟာ ပရိသတ်တွေကို ဖျော်ဖြေဖို့ အတွက် သူ့ကို မူတည်ပြီး တည်ဆောက်မှာပါ”ဟု သီယိုတီနိုမှ သတင်းထောက်များသို့ ပြောဆိုခဲ့သည်။
(၂၀၀၈)ခုနှစ်တွင် ဖီအိုရင်တီးနား အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာ ခဲ့သည့် ဂျိုဗီတစ်သည် ယမန်နှစ် ရာသီက စီးရီးအေ ပြိုင်ပွဲတွင် (၁၄)ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment