Monday, July 23, 2012

ထိုင်းနိုင်ငံ၌ ကြောက်မက်ဖွယ်ဗိုင်းရပ်(စ်) ရောဂါတစ်မျိုး ရှာဖွေတွေ့ရှိ


ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လွန်ခဲ့သော သီတင်းပတ်အတွင်း သေဆုံးခဲ့သည့် အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ လည်ချောင်း၌ ကြောက်မက်ဖွယ် Enterovirus 71 ဗိုင်းရပ်(စ်)ရောဂါ တစ်မျိုးအား ဆရာဝန်များက်တွေ့ရှိခဲ့ကြောင်း သိရသည်။ ဗန်ကောက်မြို့ရှိ နောပ်ပါရက်တ်ရာဂျာသနီ ဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာ ပါဆတ်ခွန် ချိုင်ဝါနိခ်ျ၏ ပြောကြားချက်အရ အဆိုပါ ရောဂါပိုး ကူးစက်ခံရမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကလေးများ သေဆုံးခဲ့ရခြင်းဖြစ်ပြီး အဆိုပါ Enterovirus 71 ဗိုင်းရပ်(စ်)ပိုးသည် ရောဂါကူးစက်ခံရသူ၏ အဆုတ်၊ ဦးနှောက်နှင့် နှလုံးများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ Enterovirus 71 ဗိုင်းရပ်(စ်)ပိုးသည် ပဏာမ စစ်ဆေးရာတွင် မတွေ့ရှိရဘဲ နောက်ပိုင်းတွင် ရောဂါခံစားရသူ၏ အဆုတ်၊ နှလုံးနှင့် ဦးနှောက် အတွင်းသို့ ၀င်ရောက်၍ ၄ နှစ် (သို့မဟုတ်) ၅ နှစ်အကြာတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment