Monday, July 30, 2012

ကျူပီအာအသင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်နေသည့် ဟားဂရေ့စ်

ကျူပီအာ အသင်းတွင် လေ့ကျင့်ခန်း ပြုလုပ်နေသည့် ဟားဂရေ့စ်
မန်စီးတီး အသင်းမှ ထွက်ခွာခွင့် ပြုခဲ့သည့် ဟားဂရေ့စ်သည် ကျူပီအာ ပထမ အသင်းကြီးနှင့် လေ့ကျင့်ခန်း ပြုလုပ်နေကြောင်း နည်းပြ မာ့ခ်ဟုခ်ျမှ အတည်ပြု ခဲ့သည်။
ဟားဂရေ့စ်သည် အာရှ ခြေစမ်းပွဲမှ ပြန်လာပြီး ပထမဆုံး ပြုလုပ်မည့် ကျူပီအာ အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်နေခြင်းလည်း ဖြစ်သည်။ မာ့ခ်ဟုခ်ျက ဟားဂရေ့စ်အား လေ့ကျင့်ခန်း ပြုလုပ်ခွင့် ပေးထားသော်လည်း ခေါ်ယူရန် အစီအစဉ် မရှိပဲ ကြံ့ခိုင်မှု ပြန်လည် ရရှိစေရန် အတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
“အိုဝင်က ကျွန်တော်တို့ အုပ်စုနဲ့ လေ့ကျင့်ခန်း ပြုလုပ်နေပါတယ်၊ သူဟာ ကြံ့ခိုင်မှု ပြန်လည် ရရှိဖို့ အတွက် ခုလိုပြုလုပ်နေတာ ဖြစ်ပြီး ကျွန်တော်တို့ ဟာလင်တန်မှာ ရှိတဲ့ ပစ္စည်တွေနဲ့ သူ့ကို ကူညီခွင့် ရတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်”ဟု မာ့ခ်ဟုခ်ျမှ ကျူပီအာ အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။
ဟားဂရေ့စ်သည် သူ၏ ကစားသမား ဘ၀တွင် ဒဏ်ရာ ပြဿနာများဖြင့်သာ အချိန်ကုန် ခဲ့ရပြီး (၂၀၀၇)ခုနှစ် နောက်ပိုင်းတွင် ထိပ်တန်း ပြိုင်ပွဲများ၌ (၄၃)ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။
soccer weekly

No comments:

Post a Comment