Friday, July 27, 2012

ကာဇိုလာ ယူရိုသန်း (၂၀)ဖြင့် အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့မည်မဟုတ်

ပယ်လ်ဂရီနီမှ မရောင်းချလိုနေသည့် ကာဇိုလာ
အသင်း၏ ကစားသမား ကာဇိုလာ အတွက် အာဆင်နယ် အသင်းမှ ကမ်းလှမ်းခဲ့သည့် ယူရို (၂၀)အား အသင်းပိုင်ရှင်မှ လက်ခံလိမ့်မည် မဟုတ်ကြောင်း မာလာဂါအသင်း နည်းပြ ပယ်လ်လီဂရီနီမှ ယုံကြည်နေသည်။
အသက် (၂၇)နှစ် အရွယ်ရှိ ကာဇိုလာအား ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့ ဗီလာရီးရဲလ် အသင်းမှ ယူရို(၁၉)သန်းဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သော်လည်း မာလာဂါအသင်းသည် လက်ရှိအချိန်တွင် ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ကစားသမားများ၏ လစာငွေနှင့် အပိုဆုကြေးများကို ပေးချေနိုင်ခြင်း မရှိသေးပဲ ကစားသမားများကို ထုတ်ရောင်းရဖွယ် ရှိနေသည်။
သတင်းများမှ အာဆင်နယ် အသင်းသည် ကာဇိုလာအား ယူရိုသန်း (၂၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း နည်းပြ ပယ်လ်လီဂရီနီမှ ချန်ပီယံလိဂ် ၀င်ခွင့် ရထားသော အသင်းအနေဖြင့် နည်းပါးသော ပြောင်းရွှေ့ကြေးများကို လက်မခံသင့်ဟု သတိပေး ပြောဆိုခဲ့သည်။
“ကာဇိုလာ အတွက် ကမ်းလှမ်းမှု တစ်ခုရှိတယ်လို့ သူတို့ ပြောနေကြပါတယ်၊ ယူရိုသန်း (၂၀)နဲ့ သူ့ကို ရောင်းဖို့ဆိုတာ သူ့ကိုလွှင့်ပစ်လိုက် သလိုပါပဲ ကလပ်က ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”ဟု ပယ်လ်လီဂရီနီမှ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment