Tuesday, July 24, 2012

ရာသီအဖွင့်ပွဲစဉ်များနှင့် လွဲချော်မည့် ပါကား

ဖနောင့်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမည့် ပါကား
စပါးစ် ကွင်းလယ် ကစားသမား စကော့ပါကားသည် ဖနောင့်ကြော ဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူရန် စီစဉ်နေခြင်းကြောင့် ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်အချို့နှင့် လွဲချော်မည် ဖြစ်သည်။
အသက် (၃၁)နှစ် အရွယ်ရှိ ပါကားသည် ဖနောင့်ကြော ဒဏ်ရားအား ယမန်နှစ် ရာသီကုန်ပိုင်းတွင် စတင်ခံစားခဲ့ရပြီး ယူရို-၂၀၁၂ ပြိုင်ပွဲ တစ်လျှောက်လုံးတွင်လည်း ခံစားခဲ့ရသောကြောင့် ပြန်လည် ကောင်းမွန်ရန် အတွက် ခွဲစိတ်ကုသရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။
စပါးစ် အသင်း၏ နည်းပြဘိုအာ့စ်မှလည်း ယခုသတင်းအား အတည်ပြုခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူရန် ရှိနေသည့် ပါကားသည် အသင်း၏ အမေရိက ခြေစမ်းပွဲ ခရီးစဉ်တွင် လိုက်ပါနိုင်ခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment