Sunday, July 29, 2012

ကိုစီရယ်လ်နီ - အာဆင်နယ်မှာ ဆက်ရှိနေဖို့ပဲ အာရုံစိုက်ထားပါတယ်

ဘာစီလိုနာ အသင်း၏ စိတ်ဝင်စားမှုကို လစ်လျူရှုထားသည့် ကိုစီရယ်နီ
အာဆင်နယ် အသင်း၏ နောက်တန်း ကစားသမား ကိုစီရယ်လ်နီမှ ဘာစီလိုနာ အသင်းနှင့် ပတ်သက်သော သတင်းများကို မသိရှိကြောင်းနှင့် ကာလရှည် စာချုပ်သစ်အရ အာဆင်နယ် အသင်းတွင်သာ ဆက်ရှိနေရန် အာရုံစိုက်ထားကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
လက်တလောတွင် သတင်းများက ကိုစီရယ်လ်နီအား ဘာစီလိုနာ အသင်းမှ စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ကိုစီရယ်လ်နီမှ အဆိုပါ သတင်းများအား လစ်လျှူရှုခဲ့ပြီး အာဆင်နယ် အသင်းနှင့် (၂၀၁၇)ခုနှစ်ထိ ရှိနေမည့် စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုး ခဲ့သည်။
“ကျွန်တော့်ရဲ့ စိတ်ကူးက အာဆင်နယ် အသင်းမှာ ဆက်နေဖို့နဲ့ သက်တမ်းတိုးဖို့ပါ၊ ပုဂ္ဂိုလ်ရေး အရလည်း ဘာစီလိုနာ အသင်းက ကျွန်တော့်ကို မဆက်သွယ်ခဲ့ပါဘူး၊ သူတို့က ကျွန်တော့် အေးဂျင့်ကို စကားပြောခဲ့တာ ဖြစ်နိုင်ပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ သူတို့နဲ့ ဘာမှ မပြောခဲ့ပါဘူး၊ ကျွန်တော် ဒီမှာပဲ ဆက်နေချင်ပြီး ဒီအသင်းနဲ့ပဲ တိုးတက်မှုတွေ ရယူလိုပါတယ်”ဟု ကိုစီရယ်လ်နီမှ RMCသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment