![]() |
| ချယ်လ်ဆီး အသင်း၏ အမှူဆောင်ချုပ် ဂေါ်လေး |
ချယ်လ်ဆီး အသင်းသည် ယခု အပြောင်းအရွှေ့
ဈေးကွက် အတွင်း ကစားသမားသစ် ခေါ်ယူမှုများ ပြုလုပ်ထားပြီး ပထမ အသင်းကြီး
အတွက် ဟတ်ဇာတ်ဒ်၊ မာရင်နှင့် အော်စကာတို့ကို ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း ချယ်လ်းဆီး အသင်းသည်
ကစားသမားသစ် ခေါ်ယူမှုကို ရပ်တန့်ခြင်း မရှိသေးပဲ နည်းပြ ဒီမက်တီယို
အလိုရှိနေသည့် ညာနောက်ခံလူ နေရာအတွက် ရှာဖွေမှုများ ပြုလုပ်နေသည်။
ဂေါ်လေးမှ “အကယ်၍ သင့်တော်တဲ့ ကစားသမားသာ
သင့်တော်တဲ့ အချိန်မှာ ရမယ်ဆိုရင် ကျွန်တော်တို့ ခေါ်ယူမှာပါ၊ ကျွန်တော်တို့
ကစားသမား ခေါ်ယူပြီး ခဲ့သလို့ တစ်နေရာ နှစ်နေရာ အတွက်လည်း နောက်ထပ်
ခေါ်ယူမှုတွေ မြင်တွေ့ရဦးမှာပါ”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
soccer weekly

No comments:
Post a Comment