Wednesday, July 11, 2012

ဓာတ်ရထားကဲ့သို့ မောင်းနှင်သည့် ကားတစ်စီး ကနေဒါကားကုမ္ပဏီ ထုတ်လုပ်


ကနေဒါကုမ္ပဏီတစ်ခုသည် ဓာတ်ရထားကဲ့သို့ ပြေးလမ်းပေါ် မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုမှု သက်သာသည့် ကားသစ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ Flexity Freedom ယာဉ်များကို ကနေဒါတစ်ဝန်းတွင် ရောင်းချသွားမည်ဖြစ်ပြီး ၄င်းကားအသစ်သည် ဓာတ်ရထားများထက် လျှပ်စစ်ဓာတ်အားအသုံးပြုမှု ၃၀ ရာခိုင်နှုန်း သက်သာကြောင်း သိရသည်။ အဆိုပါ ကား၏ ကြမ်းပြင်သည် မြေကြီးနှင့် ထိလုနီးပါးရှိပြီး ကားရပ်နားရန်အတွက် သီးသန့်နေရာများ ဆောက်လုပ်ရန် မလိုကြောင်း သိရသည်။ အဆိုပါ ကားကုမ္ပဏီသည် ၄င်းကားသစ်များကို တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့တွင် ထုတ်လုပ်ရောင်းချသွားနိုင်ရန်အတွက် တရုတ်ကုမ္ပဏီတစ်ခုကို ထုတ်လုပ်ခွင့်ပြုရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
khitlunge

No comments:

Post a Comment