Sunday, July 22, 2012

ဂန်ဆိုကို စိတ်ဝင်စားလာသည့် အာဆင်နယ်


အာဆင်နယ် အသင်းသည် ဆန်းတို့စ် အသင်း၏ ကွင်းလယ် တိုက်စစ်ကစားသမား ဂန်ဆိုအား အနီးကပ် စောင့်ကြည့်လေ့လာနေသည့် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်များထဲတွင် ပါဝင်လာခဲ့သည်။
ဂန်ဆိုသည် သူ၏ နိုင်ငံအသင်းဖော် နေမားနှင့်အတူ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ဥရောပသို့ ငွေကြေးများစွာဖြင့် ပြောင်းရွှေ့ ကစားမည့်သူ အဖြစ် ထင်ကြေးပေးခြင်း ခံနေရသူလည်း ဖြစ်သည်။
ချယ်လ်ဆီး၊ မန်ယူ နှင့် စပါးစ် အသင်းတို့မှ ဆက်သွယ်ခြင်း ခံနေရသည့် ဂန်ဆိုသည် ဘရာဇီး ကြယ်ပွင့် ကစားသမား တစ်ဦးဖြစ်သည့် အော်စကာနှင့်အတူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာဖွယ် ရှိနေသည်။ အော်စကာအား ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုကို လက်လျော့ခဲ့ရသည့် အာဆင်နယ် အသင်း၏ အာရုံများသည် ဂန်ဆိုဘက်သို့ လှည့်လာခဲ့ကြောင်း သိရသည်။
“အာဆင်နယ် အသင်းက စိတ်ဝင်စားခဲ့ပါတယ်၊ အကြောင်းပြချက် တစ်ခုက သူ့ရဲ့ စာချုပ်သက်တမ်းဟာ ဘာမှ မကျန်တော့ပါဘူး၊ စာချုပ်သစ်လည်း ထပ်ချုပ်မှာ မဟုတ်တဲ့ အတွက် သူ့ကို ရောင်းဖို့အချိန်ရောက်နေပါပြီ”ဟု သတင်းပေး တစ်ဦးမှ ESPNသို့ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment