Wednesday, July 11, 2012

အိန္ဒိယခရီးသည်တင်လေယာဉ် ပါကစ္စတန်တွင် အရေးပေါ်ဆင်းသက်ရ

 (Air India လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းအား တွေ့ရစဉ်)

အိန္ဒိယပိုင် ခရီးသည်တင် လေယာဉ် တစ်စင်းသည် တနင်္လာနေ့က စက်ချွတ်ယွင်းပြီးနောက် ပါကစ္စတန်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ အိန္ဒိယ လေကြောင်း ကုမ္ပဏီ Air India က ပိုင်ဆိုင်သော လေယာဉ်သည် ခရီးသည် (၁၃၀)နှင့် အမှုထမ်းများကို တင်ဆောင်လာစဉ် နည်းပညာပိုင်း ချွတ်ယွင်းဖောက်ပြန်မှုနှင့် ကြုံခဲ့ရသည်။ ထို့နောက် ပါကစ္စတန်ကို ဆက်သွယ် အကူအညီတောင်းကာ နာဝက်ဘ်ဆား လေဆိပ်တွင် ဘေးရန်ကင်းကင်း သက်ဆင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် လေကြောင်း ပို့ဆောင်ရေးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပါဗက်ဇ် ဂျော်ဂျီက မိမိတို့ အာဏာပိုင်များသည် လေယာဉ်ပေါ်မှ ခရီးသည်များကို အလုံးစုံ ဘေးကင်းအောင် အကူအညီ ပေးခဲ့ကြောင်း ပြောဆိုသွားသည်။
ယခုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ဒုတိယ လေယာဉ်ပေါ်တွင် အိန္ဒိယမှ လေကြောင်း ပို့ဆောင်ရေး အရာရှိ (၈)ဦးတို့ အတူတကွ လိုက်ပါလာပြီး လေယာဉ်ကို ပါကစ္စတန်တွင်ပင် အလုံးစုံ ပြင်ဆင်သွားမည် ဖြစ်သည်။ အိန္ဒိယအစိုးရသည်ပါကစ္စတန် နိုင်ငံ၏ကူညီမှုအပေါ်အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားသွား
သည်။ ပါကစ္စတန်သည် (၁၉၄၇)ခုနှစ်က အိန္ဒိယထံမှ ခွဲထွက်ခဲ့ပြီး နှစ်နိုင်ငံကြား အထင်ကရ စစ်ပွဲကြီး (၃)ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုနှစ်နိုင်ငံသည် မကြာသေးမီ နှစ်ပိုင်းများအတွင်း ဆက်ဆံရေး တိုးတက်လာသော်လည်း အပြန်အလှန် ရန်သူနိုင်ငံများအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။
Planet 

No comments:

Post a Comment