Monday, July 30, 2012

ဂျိုကိုးလ် - ရော်ဂျာရဲ့ ကစားကွက်က ကျွန်တော်နဲ့ သင့်တော်ပါတယ်

နည်းးပြသစ်၏ ကစားကွက်နှင့် အံဝင်သည်ဟု ယူဆနေသည့် ဂျိုကိုးလ်
လီဗာပူးလ် အသင်း၏ ကွင်းလယ် ကစားသမား ဂျိုကိုးလ်မှ နည်းပြ ရော်ဂျာ အသုံးပြုမည့် ကစားကွက်သည် ၎င်း၏ ကစားဟန်နှင့် သင့်တော်သော ကစားကွက် ဖြစ်သည်ဟု ယူဆနေကြောင်း သိရသည်။
ယမန်နှစ် ရာသီက လိုင်လီအသင်းတွင် အငှားဖြင့် သွားရောက် ကစားခဲ့သည့် ဂျိုကိုးလ်သည် ယခုရော်ဂျာ၏ ရာသီကြို ခြေစမ်းပွဲတွင် ပါဝင်ခဲ့သူဖြစ်ပြီး ရာသီသစ်တွင် ၎င်း၏ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်မည်ဟု ယုံကြည်နေသူ ဖြစ်သည်။
“ဟုတ်ပါတယ်၊ ဒီနည်းစနစ်က ကျွန်တော့်အတွက် ကောင်းပါတယ်၊ အသင်းအတွက်လည်း ကောင်းမွန်တဲ့ နည်းလမ်းလို့ ကျွန်တော်ထင်ပါတယ်၊ ဒီနည်းစနစ်က မတူညီပဲ ကွဲပြားခြားနားတဲ့ နည်းစနည်း ဗြိတိန်တွေ ကစားဟန်နဲ့ မတူပါဘူး”ဟု ဂျိုကိုးလ်မှ သူ၏ အမြင်ကို ဖွင့်ဟခဲ့သည်။
soccer weekly

No comments:

Post a Comment