Saturday, July 14, 2012

မိုဗစ်ခ်ျနှင့်ဆေးလ်ဗားတို့ကို ရောင်းချခဲ့သည့်အတွက် အသုံးစရိတ် ယူရိုသန်း(၁၅၀) လျော့ချနိုင်ခဲ့သည်ဟု ဘာလူစကိုနီဖွင့်ဟ

အေစီမီလန် အသင်း၏ ဥက္ကဋ္ဌ ဘာလူစကိုနီမှ ဆေးလ်ဗားနှင့် အီဗရာဟီမိုဗစ်ခ်ျတို့ နှစ်ဦးအား ပီအက်စ်ဂျီ အသင်းသို့ ရောင်းချခဲ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောဆို ခဲ့သည်။
ပီအက်စ်ဂျီ အသင်းမှ ယင်းကစားသမား နှစ်ဦးအတွက် ယူရိုသန်း (၆၀)ဖြင့် ကမ်းလှမ်းခဲ့ပြီး အေစီမီလန် အသင်းကလည်း ရောင်းချရန် လက်ခံခဲ့ခြင်းကြောင့် ကစားသမား နှစ်ဦးသည် ပီအက်စ်ဂျီ အသင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။
အသင်း၏ ထိပ်တန်း ကစားသမား နှစ်ဦးရောင်းချခဲ့ခြင်းဖြင့် အသင်းမှ ကုန်ကျနေသည့် အသုံးစရိတ်များစွာကို လျော့ချနိုင်ခဲ့သည်ဟု ဘာလူစကိုနီမှ သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကာကွယ် ပြောဆိုခဲ့သည်။
“သူတို့ နှစ်ဦးကို ပီအက်စ်ဂျီ အသင်းကို ရောင်းချခဲ့တယ်ဆိုတာ အမှန်ပါပဲ၊ သူတို့နှစ်ဦး ထွက်ခွာသွားတော့ ကျွန်တော်တို့ ယူရိုသန်း (၁၅၀)လောက် သက်သာခဲ့ပါတယ်”ဟု ဘာလူစကိုနီမှ ပြောဆိုခဲ့သည်။
အေစီမီလန် အသင်းသည် ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ယခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် ထိပ်တန်း ကစားသမားများကို ခေါ်ယူနိုင်ခြင်း မရှိသောကြောင့် ယခုလို ကစားသမားများ ရောင်းချ၍ အပြောင်းအရွှေ့ အသုံးစရိတ်ကို ရှာဖွေခဲ့ခြင်းလည်း ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment