Wednesday, July 25, 2012

ဦးစားပေး ဂိုးသမားအား ဆုံးရှုံးခဲ့ရသည့် ဘရာဇီး

အိုလံပစ် ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည့် ရာဖေးလ်
အသင်း၏ ပထမဦးစားပေး ဂိုးသမား ဖြစ်သူ ရာဖေးလ် ကာဘရယ်လ်သည် ညာဘက် တံတောင်ဆစ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် အိုလံပစ် ပြိုင်ပွဲနှင့် လွဲချော်မည် ဆိုသောသတင်းမှာ အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆုကို ရယူရန် ပစ်မှတ်ထားနေသည့် ဘရာဇီး အသင်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့သည်။
အသက် (၂၂)နှစ် အရွယ်ရှိ ရာဖေးလ်သည် ယင်းဒဏ်ရာအား အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ရရှိခဲ့ခြင်း ဖြစ်ကာ အသေးစိတ် စစ်ဆေးမှုများ အရ ညာဘက် တံတောင်ဆစ်တွင် ရရှိထားသည့် ဒဏ်ရာကြောင့် နာကျင်မှုများ ခံစားရပြီး လှုပ်ရှားမှုကို နှေးကွေးစေကြောင်း တွေ့ရှိရခြင်းကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခဲ့ရခြင်း ဖြစ်သည်။
ရာဖေးလ်သည် ဘရာဇီး အသင်း၏ အနာဂတ် ဂိုးသမား အဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပြီး သူ၏ နှုတ်ထွက်မှုကြောင့် အရံ ဂိုးသမား ဖြစ်သူ နီတိုမှာ ပွဲထွက် ဂိုးသမား အဖြစ် ပါဝင်ရမည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment