Monday, July 23, 2012

ဂျပ်စတင်နဲ့ ဆယ်လီးနား လမ်းခွဲကြပြီလား


ပေါ့(ပ်) ဂီတ အဆိုတော်လေး ဂျပ်စတင် ဘီးဘားနဲ့ ဆယ်လီနား ဂိုးမက်(ဇ်) တို့ ကွဲသွားကြပြီလို့ သတင်း ထွက်နေပါတယ်။  ရုပ်သံ/ ရုပ်ရှင်မင်းသမီး အက်(ရှ်)လီတစ္စဒေး(လ်) ရဲ့ မွေးနေ့ပွဲမှာ ဆယ်လီးနား (၁၉ နှစ်) ဟာ ဂျပ်စတင်နဲ့ ပတ်သက်လို့ ငိုယိုပြီး စိတ်ညစ်နေကြောင်း သတင်းပေးတစ်ဦးက People မဂ္ဂဇင်းကို ပြောပါတယ်။
ဒါပေမဲ့ အဲဒီပွဲက အမှတ်တရ ဓာတ်ပုံတွေထဲမှာတော့ ဆယ်လီနား စိတ်ရွှင်လန်းစွာ ပြုံးရယ်နေပုံတွေပဲ တွေ့ကြရပါတယ်။ ဂျပ်စတင်နဲ့ ဆယ်လီးနားတို့ဟာ ယခင်တစ်ပတ်က ကွဲပြီး ယခု ပြန်တွဲနေကြပြီလို့ TMZ ဝက်ဘ်ဆိုက်က (၂-၇-၁၂) နေ့က ဖော်ပြပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၁ သြဂုတ်လက ကွဲသွားကြောင်း ကောလာဟလ ထွက်လာလို့ Teen Choice ဆုနှင်းသဘင်မှာ သူတို့က ဘေးချင်းကပ် ထိုင်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၁၁ မေလက ညဘက် ထွက်လည်ခြင်း၊ ရဟတ်ယာဉ် အတူလျှောက်စီးခြင်း၊ နှစ်ဘက်မိဘတွေ ဆုံဆည်းစေခြင်း စသဖြင့် သူတို့ မကွဲသေးကြောင်း ပြည်သူနဲ့ မီဒီယာတွေကို သက်သေပြခဲ့ကြသေးတယ်။ ဂျပ်စတင်ရော ဆယ်လီးနားပါ သူတို့ကွဲတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ယခုထိ ရေငုံနေကြဆဲ ဖြစ်ပါတယ်။
8day journal

No comments:

Post a Comment