Friday, July 20, 2012

မီးတောင်ပေါက်ကွဲမှုမှ အိုဇုန်းလွှာကို ထိခိုက် ပျက်စီးစေသော ဓာတ်ငွေ့များ ထွက်ရှိ


သိပ္ပံပညာရှင် များဟာ မီးတောင်ပေါက်ကွဲ တဲ့အခါ မီးတောင်ဝ ကနေ ပြာတွေ၊ ချော်ရည်ပူတွေ၊ မီးခိုးတွေနဲ့ ကျောက်တုံး အပိုင်းအစတွေ အပြင် အိုဇုန်းလွှာကို ထိခိုက် ပျက်စီးစေတဲ့ “ ဘရိုမိုင်” (Bromine) လို့ ခေါ်တဲ့ဓာတ်ငွေ့များ ထွက်ရှိကြောင်း လေ့လာတွေ့ရှိ ခဲ့ကြပါပြီ။ (အိုဇုန်းလွှာ ဆိုတာ ကမ္ဘာ့လေထုအပေါ်ယံအလွှာရှိနေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို လူသားတွေဆီကိုမရောက်အောင် ကာကွယ်ပေးထားတဲ့ အလွှာဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဟာ လူသွားတွေကိုအရေပြားကင်ဆာလို ရောဂါမျိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။) ပညာရှင်များဟာ အမေရိကအလယ်ပိုင်းရှိ လွန်ခဲ့သော နှစ်ပေါင်း(၇၀၀၀၀)ခန့်က ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြီးများရဲ့ ကျောက်တုံးအပိုင်းအစများကို လေ့လာခဲ့ကြပါတယ်။
မီးတောင်ပေါက်ကွဲမှု တစ်ခုတိုင်းမှာ “ဘရိုမိုင်” ဓာတ်ငွေ့တန်ပေါင်း(၇၀၀၀၀) ခန့်က ပေါက်ကွဲခဲ့တဲ့မီးတောင်ကြီးများရဲ့ကျောက်တုံးအပိုင်းအစများကို လေ့လာခဲ့ကြပါတယ်။ မီးတောင်ပေါက်ကွဲမှုတစ်ခုတိုင်းမှာ “ဘရိုမိုင်” ဓာတ်ငွေ့တန်ပေါင်း (၄၀၀၀)မှ (၆၀၀၀၀၀) အထိထွက်ရှိခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။
yoyarlay.com

No comments:

Post a Comment