Friday, July 27, 2012

ရက်ဒ်ဘူးလ်အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့သည့် ကာဟေးလ်

ရက်ဒ်ဘူးလ် အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ကာဟေးလ်
အဲဗာတန် အသင်း၏ ကွင်းလယ် ကစားသမား တင်ကာဟေးလ်အား အပြီးသတ် ခေါ်ယူစာချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နယူးယောက် ရက်ဒ်ဘူးလ် အသင်းမှ အတည်ပြုခဲ့သည်။
အဲဗာတန် အသင်းသို့ (၂၀၀၄)ခုနှစ်တွင် မီဝေါလ် အသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ကာဟေးလ်သည် နည်းပြ မိုရက်စ်၏ လက်အောက်တွင် အဓိက ကစားသမား အဖြစ်ပါဝင်နေသူ ဖြစ်သည်။
သို့သော်လည်း ကာဟေးလ်သည် ယခုနှစ် နွေရာသီတွင် ဥရောပ ပြင်ပသို့ ထွက်ခွာကစားရန် ဆုံးဖြတ်ခဲ့ပြီး အဲဗာတန် အသင်းကလည်း ၎င်းအား သာမာန်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ကာဟေးလ်သည် တနလာင်္နေ့တွင် ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ရန်  အတွက် ယခုအခါတွင် နယူးယောက်မြို့သို့ ထွက်ခွာသွား ခဲ့ပြီဖြစ်သည်။
“နယူးယောက် ရက်ဒ်ဘူးလ် အသင်းနဲ့ ကျွန်တော့်ရဲ့ ကစားသမား ဘ၀ စာမျက်နှာသစ် တစ်ခုကို ဖွင့်လှစ်ရတော့မှာ ဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်နေပါတယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ တွေ့ခဲ့ရသလိုပဲ MLSက အရမ်းကို တိုးတက်လာပါတယ်၊ ပါရမီရှင် ကစားသမားတွေ အများကြီးနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့လိဂ် ဖြစ်လာပါပြီ”ဟု ကာဟေးလ်မှ သူ့အသင်းသစ်၏ ၀က်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment