လေ့ကျ့င့်ခန်း ပြန်ဆင်းနေသည့် မိုဒရစ်
မိုဒရစ်သည် ပြီးခဲ့သော သောကြာနေ့က
ပြုလုပ်ခဲ့သည့် စပါးစ် အသင်း၏ လေ့ကျင့်ခန်း အစီအစဉ်တွင် ပါဝင်ရန်
ငြင်းဆန်ခဲ့သလို အသင်း၏ မြောက်အမေရိက ခြေစမ်းပွဲ ခရီးစဉ်ကိုလည်း လိုက်ပါရန်
ငြင်းဆန်ခဲ့ခြင်းကြောင့် ဒဏ်ကြေးချမှတ်ခံခဲ့ရသူ ဖြစ်သည်။
စပါးစ် အသင်းမှ မိုဒရစ်အား လေ့ကျင့်ခန်း
ပြန်ဆင်းရန် ညွှန်ကြားခဲ့ပြီး ၎င်း၏ ပျက်ကွက်မှုများ အတွက် ပေါင် (၁၆၀၀၀၀)
ဝန်းကျင်ရှိ ဒဏ်ကြေးတစ်ရပ် ချမှတ်ရန် စီစဉ်ထားကြောင်း သိရသည်။
“စပါးစ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို
မိုဒရစ် ယနေ့ (တနလာင်္နေ့)မှာ စတင်းပြီး ပြန်လည်ရောက်ရှိလာပြီ ဆိုတာ
အတည်ပြုနိုင်ပါတယ်၊ ခုချိန်မှ နည်းပြအဖွဲ့ဝင်တွေက သူ့ရဲ့ ရာသီကြို
ပြင်ဆင်မှု အတွက် သတိပေးမှုများ ပြုလုပ်နေပါပြီ”ဟု စပါးစ် အသင်းမှ
ကြေငြာခဲ့သည်။
soccer weekly

No comments:
Post a Comment