Friday, July 20, 2012

 ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်တစ်စင်း ဧရာဝတီမြစ်အတွင်း ယနေ့ နံနက်ပိုင်းတွင် တိမ်းမှောက်မှုဖြစ်ပွား

ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်းသည် ဧရာဝတီမြစ်အတွင်း တိမ်းမှောက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော ချမ်းမြေ့အောင် ရှပ်ပြေးရေယာဉ်သည် ဆိပ်ကမ်းမှ နံနက် ၉ နာရီခန့် စတင်ထွက်ခွာချိန်တွင် ရေကြောင်းအကွေ့၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ငါးဆယ်ကျော်ခန့် လိုက်ပါလာခဲ့ပြီး နံနက် ၁၁နာရီ ၀န်းကျင်ခန့်တွင် လူ ၂၀ ခန့်ကို ကယ်ဆယ်ထားကြောင်းနှင့် အသက် ၁၆ နှစ် အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

"အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတာကြောင့် ဖြစ်ပွားပုံ အခြေအနေကို တိတိကျကျ ပြောရခက်ပါသေးတယ်။ ဘယ်အချိန်ထိ ဆက်လက် လုပ်ဆောင်ရမယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ လောလောဆယ်တော့ တစ်ယောက်သေဆုံးတယ်လို့ သိရတယ်" ဟု ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက် ၁၁ နာရီ ခန့်က ပြောကြားခဲ့ပါသည်။
(နောက်ဆက်တွဲသတင်းများ ဆက်လက် ဖေါ်ပြသွားပါမည်။)
EMG

No comments:

Post a Comment