Tuesday, July 24, 2012

မော်လမြိုင်၌ ကျောင်းခန်းသို့ ကျောက်တင်ကားဝင်တိုက်


မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်တံတား အနီးတွင် ရှိသော အမှတ်(၁၀) အထက ကျောင်းဝင်းအတွင်း ရှိ စာသင်ခန်းအား နံနက်၁၀နာရီ ၃၀ အချိန်တွင် လမ်းခင်းကျောက် အပြည့် တင်ထားသည့် ရှစ်ဘီး မော်တော်ယဉ် တစ်စီးဝင်တိုက် ခဲ့ကြောင်းမော်လမြိုင်မြို့ခံများထံမှ သိရှိရသည်။
အဆိုပါယဉ်တိုက်မှုတွင် ကျောင်းသား ၂၂ဦးနှင့် ဆရာမတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသမှု ခံယူ နေရကြောင်း မော်လမြိုင် အမှတ်(၁၀) အထက ကျောင်းတွင် တက်ရောက်လျက် ရှိသော ကျောင်းသားမိဘများထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment