Sunday, July 15, 2012

မြန်မာပြည်ကို ဂျီအီးကုမ္ပဏီ စတင်ဝင်ရောက်

Augusta State University
General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G.Rice ဖြစ်ပါသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် နည်းပညာနဲ့ စွမ်းအင်ဆိုင်ရာ GE ကုမ္ပဏီ က မြန်မာနိုင်ငံက ဆေးရုံ (၂) ရုံမှာ ဆေးဖက်ဆိုင်ရာသုံး ကိရိယာတွေ တပ်ဆင်ပေးဖို့ သဘောတူ စာချုပ်လိုက်ကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
GE ကုမ္ပဏီဟာ မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံ (၂) ရုံမှာ နှလုံး စမ်းသပ်တဲ့ ဓာတ်မှန် ရိုက်စက် (၂) လုံး တပ်ဆင်ပေးဖို့ စာချုပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ယာယီ ရုပ်သိမ်းခဲ့ပြီးနောက်  ပထမဦးဆုံး ဝင်ရောက်လာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ GE ကုမ္ပဏီနဲ့ ဖက်စပ် လုပ်ကိုင်တဲ့ မြန်မာနိုင်ငံက Sea Lion ကုမ္ပဏီဟာ ဒေါ်လာ (၂) သန်းလောက်သာ မတည်ငွေရှိတဲ့ သေးငယ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန် ကုမ္ပဏီ (၃၇) ခုက လူပေါင်း ၇၀ လောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ ရင်းနှီးမြုပ်နှံရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် သမ္မတ Barack Obama က မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုနဲ့  ရင်းနှီးမြုပ်နှံခွင့်တွေ ဖွင့်ပေးလိုက်ပြီးနောက် အမေရိကန် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ကြဖို့ အလုအယက် ကြိုးစားနေကြပါတယ်။
RFA

No comments:

Post a Comment