Monday, July 30, 2012

ဥရောပ အောင်မြင်မှုရယူရန် ပစ်မှတ်ထားနေသည့် ဖာဂူဆန်

ဥရောပ အောင်မြင်မှုကို ပစ်မှတ်ထားနေသည့် ဖာဂူဆန်
မန်ယူ အသင်းသည် ရာသီသစ်တွင် ချန်ပီယံလိဂ် ဆုဖလား ရရှိရန် အတွက် ပစ်မှတ်ထားနေကြောင်း ဖာဂူဆန်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
မန်ယူ အသင်းသည် ယမန်နှစ် ရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရသည့် အတွက် စိတ်မကျေမနပ် ဖြစ်နေပြီး ရာသီသစ်တွင် အောင်မြင်မှု ရရှိရန် အတွက် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
ယမန်နှစ်က ကျရှုံးမှု အတွက် ဥရောပ အောင်မြင်မှုဖြင့် အစားထိုး ကုစားရန် ပစ်မှတ်ထားနေသည့် ဖာဂူဆန်မှ “ကျွန်တော်တို့ ဖလားတစ်လုံးကို လွှင့်ပစ်ခဲ့တယ်လို့ ပြောရင် မျှတပါတယ်၊ ဒီလို အဖြစ်မျိုး နောက်ရာသီမှာ ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး၊ ဥရောပ ပြိုင်ပွဲက ကြီးကျယ်ခမ်းနားပြီး အရေးပါတဲ့ ပြိုင်ပွဲပါ ကျွန်တော်တို့ အကြီးဆုံး ဆုဖလားတွေ အတွက် သေချာပေါက် ပြိုင်ပွဲဝင်မှာပါ”ဟု မန်ယူ အသင်း၏ ရည်မှန်းချက်ကို ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment