Monday, July 16, 2012

ကာရိုးအား အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းမှုကို ငြင်းပယ်ခံခဲ့ရသည့် နယူးကာဆယ်

နယူးကာဆယ် အသင်းမှ အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သည့် ကာရိုး
လီဗာပူးလ် အသင်းသည် တိုက်စစ်မှူး ကာရိုးအား နယူးကာဆယ် အသင်းမှ အငှားဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကြောင်း သိရသည်။
ကာရိုးသည် လီဗာပူးလ် နည်းပြသစ် ရော်ဂျာ၏ လက်ထက်တွင် အသင်းမှ ထွက်ခွာရမည့် ကစားသမားများထဲတွင် ထိပ်ဆုံးမှ ပါဝင်နေသူလည်း ဖြစ်သည်။ ယမန်နေ့က နယူးကာဆယ် အသင်းသည် ကာရိုးအား တစ်ရာသီကြာ အငှားဖြင့် ခေါ်ယူရန် ကမ်းလှမ်းခဲ့ပြီး နောက်ပိုင်းတွင် ပေါင် (၁၅)သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ရည်ရွယ်ထားကြောင်း သိရသည်။
သို့သော်လည်း လီဗာပူးလ် နည်းပြ ရော်ဂျာမှ ပေါင် (၃၅)သန်း ကာရိုးအား တစ်ခါတည်း အပြီးသတ် ရောင်းချရန်သာ ရည်ရွယ်ထားခြင်းကြောင့် ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။
ကာရိုးသည် နယူးကာဆယ် အသင်းတွင် ကစားခဲ့စဉ်က လိဂ်သွင်းဂိုး (၃၁)ဂိုးထိ ရရှိခဲ့သူ ဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ရာတွင် ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့သူ ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment