Wednesday, July 25, 2012

ဂါနာသမ္မတ ဂျွန်အက်တာမေးလ် ကွယ်လွန်


ဂါနာနိုင်ငံသမ္မတ ဂျွန်အက်တာမေးလ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂါနာသမ္မတရုံးက ပေးပို့လာသော ထုတ်ပြန်ချက်ကို ကိုးကား၍ Reutters သတင်းက ဖော်ပြသည်။ ဂါနာသမ္မတသည် နေမကောင်းဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ရသည့် အဓိက အကြောင်းအရင်း အသေးစိတ်ကို မသိရှိရသေးချေ။ အသက် ၆၈ နှစ်အရွယ် သမ္မတ ဂျွန်အက်တာမေးလ်သည် ၂၀၀၉ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့တွင် ဂါနာနိုင်ငံ တတိယမြောက်သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဂါနာနိုင်ငံ ဒုတိယသမ္မတအဖြစ်လည်း ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
planet news

No comments:

Post a Comment