Thursday, July 26, 2012

ပီအက်စ်ဂျီ အသင်းမှ ဆက်သွယ်ခြင်းမရှိဟု အဘာတီ၏ အေးဂျင့်ငြင်းဆို

ပီအက်စ်ဂျီနှင့် ဆက်သွယ်မှု မရှိသည့် အဘာတီ
အေစီမီလန် အသင်း၏ နောက်ခံလူ အဘာတီသည် ပီအက်စ်ဂျီ အသင်းနှင့် မည်သည့် ဆွေးနွေးမှုမှ ပြုလုပ်ခြင်း မရှိကြောင်း ၎င်း၏ အေးဂျင့် ဖြစ်သူ၏ ပြောကြားချက် အရသိရသည်။
အေစီမီလန် အသင်း၏ ကစားသမား နှစ်ဦးဖြစ်သော အီဗရာဟီမိုဗစ်ခ်ျ နှင့် ဆေးလ်ဗားတို့ နှစ်ဦးအား ယူရို (၆၅)သန်းဖြင့် ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း ပီအက်စ်ဂျီ အသင်းမှ အေစီ ကစားသမားများ ခေါ်ယူမှုကို အဆုံးသတ်ခြင်း မရှိသေးပဲ တောင်ပံ ခံစစ်ကစားသမား တစ်ဦးဖြစ်သော အဘာတီအား ဆက်လက်ခေါ်ယူရန် ကြိုးပမ်းနေသည်ဟု အီတလီ မီဒီယာများမှ ဖော်ပြခဲ့ကြသည်။
အဘာတီ၏ နွေရာသီ အပြောင်းအရွှေ့များနှင့် ပတ်သက်၍ ကစားသမား၏ အေးဂျင့်ဖြစ်သူမှ ဖြေကြားခဲ့ခြင်း မရှိသော်လည်း ပီအက်စ်ဂျီ အသင်း၏ ဆက်သွယ်မှုနှင့် ပတ်သက်မှုကိုတော့ ငြင်းဆိုခဲ့သည်။
“ပီအက်စ်ဂျီ အသင်းရဲ့ ချဉ်းကပ်မှုကို ကျွန်တော်တို့ မခံရသေး ပါဘူး၊ ကျွန်တော် ဒီသတင်းကို သတင်းစာတွေထဲမှာ ဖတ်ရပါတယ် ဒါပေမယ့် ပဲရစ်က ဆက်သွယ်မှု မရှိပါဘူး ဒါပေမယ့်လည်း ဈေးကွက်က သြဂုတ် (၃၁)ရက်နေ့မှ ပိတ်မှာပါ”ဟု အဘာတီ၏ အေးဂျင့်မှ ဖွင့်ဟခဲ့သည်။ 
soccer weekly

No comments:

Post a Comment