Monday, July 30, 2012

ဗန်ပါစီ၏ ဆုံးဖြတ်ချက်ကို စောင့်စားနေသည့် မန်ချီနီ

အနာဂတ်ကို ဆုံးဖြတ်ရန် ခက်ခဲနေသည့် ဗန်ပါစီ
မန်စီးတီး၊ မန်ယူ နှင့် ဂျူဗင်တပ် အသင်းများမှ ခေါ်ယူရန် အပြိုင်ကြိုးပမ်းခြင်း ခံနေရသောကြောင့် ဗန်ပါစီသည် ၎င်း၏ အနားဂတ်အား ဆုံးဖြတ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေသည်ကို နားလည်ကြောင်း မန်ချီနီမှ ပြောကြားခဲ့သည်။
ဗန်ပါစီသည် သူ၏ စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့် ချုပ်ဆိုမည် မဟုတ်ကြောင်း ကြေငြာခဲ့သော်လည်း အာဆင်နယ် အသင်းမှ အထက်ပါ ကလပ်သုံးခု၏ ကမ်းလှမ်းမှုများကို ငြင်းပယ်ထား ခဲ့သည်။
ဗန်ပါစီကိုယ်တိုင်ကလည်း ယင်းကလပ် သုံးခုတွင် မည်သည့် ကလပ်ကို ရွေးချယ်ထားသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပဲ မန်ချီနီမှ ယခုလို ထိပ်တန်း ကလပ်သုံးခု၏ ချဉ်ကပ်ခြင်းကို ခံနေရသည့် အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ခက်ခဲမည်ကို နာလည်းကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
“မန်စီးတီး၊ မန်ယူနဲ့ ဂျူဗင်တပ် အသင်းတို့ အကြောင်းကို ကြားရမယ်ဆိုရင် ကစားသမား တစ်ဦးအတွက် ဘယ်ကလပ်ကို ရွေးရမယ် ဆိုတာ ခက်ခဲမှာ သေချာပါတယ်၊ ဒီအသင်းတွေက ထိပ်တန်း အသင်းတွေ ဖြစ်တာကြောင့် သူဘယ်အသင်းကို ရွေးမယ်ဆိုတာ ကျွန်တော် ပြောရခက်ပါတယ်၊ အကယ်၍ ကျွန်တော်တို့မှာသာ သူ့ကို ခေါ်ယူဖို့ အခွင့်အရေး ရှိမယ်ဆိုရင် ကြိုးစားမှာပါ ဘာလို့လဲ ဆိုတော့ သူ့ကို ထိပ်တန်း တိုက်စစ်မှူး တစ်ဦးအဖြစ် ကျွန်တော်တို့က သတ်မှတ်ထားလို့ပါ”ဟု မန်ချီနီမှ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment