Thursday, July 26, 2012

အိုလံပစ်ဖွင့်ပွဲတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေသည့် ဘက်ခမ်း

အိုလံပစ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ရန် အသင့်ဖြစ်နေသည့် ဘက်ခမ်း
အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းမှ သူသည် လန်ဒန် အိုလံပစ် ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်မည် ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။
ဘက်ခမ်းသည် အစောပိုင်းက ပေါင် (၂၇) သန်း အသုံးပြုမည့် ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်မည် မဟုတ်ဟု ငြင်းဆိုခဲ့သော်လည်း အင်္ဂလန်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းသည် နာမည်ကျော် အားကစားသမားများ ပါဝင်သည့် မီးရှုးတိုင် သယ်ဆောင်မှုတွင် မိုဟာမက် အလီနှင့်အတူ ပါဝင်မည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
“အဖွင့်အပွဲ အခမ်းအနားရဲ့ အစိတ်အပိုင်း အချို့မှာ ပါဝင်ခွင့်ရတာ ကျွန်တော့်ကို ဂုဏ်ပြုတာပါပဲ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပြိုင်ပွဲ အတွက် စတင်ခဲ့တဲ့ လွန်တဲ့ခဲ့ ခွန်နှစ်နှစ်ထဲက ကျွန်တော် ပါဝင်ခဲ့လို့ပါ”ဟု ဘက်ခမ်းမှ ပြောဆိုခဲ့သည်။
soccer weekly 

No comments:

Post a Comment