Tuesday, July 24, 2012

တင်ကာဟေးလ်ကို ရောင်းချရန် သဘောတူခဲ့သည့် အဲဗာတန်

ရက်ဒ်ဘူးလ် အသင်းသို့ ပြောင်းရွှေ့ရန် ရှိနေသည့် ကာဟေးလ်
အဲဗာတန် အသင်းသည် တင်ကာဟေးလ် အတွက် နယူးယောက် ရက်ဒ်ဘူးလ် အသင်း၏ ပေါင် (၁)သန်းတန် ကမ်းလှမ်းမှုကို လက်ခံခဲ့သည်။
အသက် (၃၂) နှစ် အရွယ်ရှိ ကာဟေးလ်သည် ဂိုးသွင်းယူနိုင်သည့် ကွင်းလယ် ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ယမန်နှစ် ရာသီက ခြေစွမ်းကျဆင်းလာ ခဲ့ပြီး (၃၅) ပွဲ ကစားခဲ့သော်လည်း (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းကြောင့် နည်းပြ မိုရက်စ်မှ ၎င်းအား ရောင်းချလိုနေခြင်း ဖြစ်သည်။
အဲဗာတန် အသင်းသည် ကာဟေးလ်အား ရောင်းချခြင်းမှ ရရှိသည့် ပြောင်းရွှေ့ကြေးအား ပီနားကို ခေါ်ယူရာတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။ ကာဟေးလ်သည် နယူးယောက် ရက်ဒ်ဘူးလ် အသင်းသို့ ရောက်ရှိခဲ့ပါက အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီ နှင့် ဘာစီလိုနာ နောက်ခံလူဟောင်း မားကွက်ဇ်တို့နှင့် လက်တွဲကစားရမည် ဖြစ်သည်။ 
soccer weekly

No comments:

Post a Comment