Monday, July 2, 2012

Mozilla က iPad အတွက် အထူး browser ဖန်တီးပြုလုပ်နေ


Mozilla ကုမ္ပဏီက Apple iPad အတွက် Junior ဟုခေါ်သည့် browser သစ်ကို ဖန်တီးပြုလုပ်နေပြီး ၎င်းသည် Firefox ၏ဗားရှင်းတစ်ခုမဟုတ်ဘဲ tablet ပေါ်မှ အင်တာနက်အသုံးပြုခြင်းကို ဆန်းသစ်တီထွင်ထားကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို မိတ်ဆက်ပေးခဲ့သည့် Mozilla မှ Alex Limi ကကုမ္ပဏီ၏ rendering engine ကို iOS ပေါ်တွင် အသုံးပြုနိုင်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးသော်လည်း iOS ပေါ်တွင် အသုံးပြုသင့်သည့်အကြောင်းပြချက်များရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် တီထွင်ဆန်းသစ်သည့်အရာကို ပြုလုပ်လိုလျက်ရှိကြောင်း၊ ထို့အတွက် တီထွင်ဆန်းသစ်သည့် browser ကို ဖန်တီးလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ Junior တွင် user interface ကိုလျှော့ချထားပြီး address bar နှင့် app ၏ထိပ်ဘက်တွင် ဖွင့်ထားနိုင်သည့် tab များဖွင့်ခြင်းတို့ ပါဝင်မည်မဟုတ်ဘဲ back နှင့် plus နှစ်ခုနှင့် bookmark များ၊ history များနှင့် search bar တစ်ခုပါဝင်သည့် window pane တစ်ခုတည်းသာပါဝင်မည်ဟု သိရသည်။ အဆိုပါစိတ်ကူးသည် ၀က်ဘ်ဆိုက်ကို တတ်နိုင်သလောက် ဖော်ပြပေးမည်ဖြစ်သည်။ နောက်ထပ်စိတ်ဝင်စားဖွယ်ရာကောင်းသည့် feature မှာ Junior ကို account အမြောက်အများနှင့် အသုံးပြုနိုင်ရန်ပြုလုပ်ထားပြီး account တစ်ခုချင်းစီတွင် ကိုယ်ပိုင် bookmark များ၊ favourite များ စသည်တို့ကို သတ်မှတ်ထားနိုင်သည့်အတွက် Junior အသုံးပြုသူ၏ထုတ်ကုန်ကို အခြားသူများအသုံးပြုရာတွင် Web browsing history ကဲ့သို့သော private အချက်အလက်များကို ဖော်ပြပေးမည်မဟုတ်ကြောင်း သိရသည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

Post a Comment