Saturday, July 7, 2012

Yahoo Mail တွင် photo sharing tool ပေါင်းစပ်ထည့်သွင်း


Yahoo Mail အသုံးပြုသူများမှ inbox အတွင်းသို့ရောက်ရှိလာသည့် ဓာတ်ပုံများကို နည်းလမ်းသစ်ဖြင့် စုစည်းထားနိုင်စေရန်အတွက် photo-sharing tool တစ်ခုကို ပေါင်းစပ်ထည့်သွင်းခဲ့ကြောင်း Yahoo မှ ကြေညာပြောကြားခဲ့သည်။ အဆိုပါ photo-sharing tool မှာ Flickr မဟုတ်ဘဲ Yahoo မှ တရားဝင်ဖြန့်ချိလိုက်သည့်

အခြားသောphotosappတစ်ခုဖြစ်ပြီး၎င်းတွင်သိုလှောင်မှုပမာဏအကန့်အသတ်မရှိ ထောက်ပံ့ပေးထားသည့်
အတွက် ဓာတ်ပုံအမြောက်အများကို သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ Yahoo ၏ ထုတ်ကုန်စီမံခန့်ခွဲရေးဌာနမှ စီနီယာဒါရိုက်တာဖြစ်သူ Dave McDowell က Yahoo Mail အသုံးပြုသူများသည် တစ်နေ့လျှင် ဓာတ်ပုံ ၅၀၀ သန်းနီးပါး အပြန်အလှန်ပေးပို့ကြပြီး ယင်းကဲ့သို့ဓာတ်ပုံများကို အီးမေးလ်မှဝေမျှခြင်းအတွက် လုံခြုံစွာပြုလုပ်နိုင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ feature သစ်ကို Yahoo Mail ၏ဘယ်ဘက်ရှိ toolbar ပေါ်သို့ အီးမေးလ်မှဓာတ်ပုံများကိုဆွဲထည့်ကာ အသုံးပြုနိုင်ပြီး ဓာတ်ပုံများကို ပေးပို့သူ၊ ခုနှစ်၊ အရွယ်အစား၊ ဖိုင်အမျိုးအစား စသည်ဖြင့် ခွဲခြားထားနိုင်သည်။ Yahoo Mail သည် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူသန်း ၃၀၀ ကျော်ရှိသည့် အီးမေးလ်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

Post a Comment