Saturday, July 7, 2012

လူမှုရေးကွန်ရက်ဝန်ဆောင်မှု Yammer အား ကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် Microsoft ၀ယ်ယူ


Microsoft ကုမ္ပဏီသည် လူမှုရေးကွန်ရက်ဝန်ဆောင်မှုကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့်ဝယ်ယူပြီး ၎င်းကုမ္ပဏီကို Office ဌာနနှင့်ပေါင်းစည်းလိုက်ကြောင်း သိရသည်။ Yammer လူမှုရေးကွန်ရက် လုပ်ငန်းအား အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြင့် ၀ယ်ယူခဲ့ခြင်းကို Microsoft က ဇွန်လ ၂၅ ရက်တွင်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့အပြင်Yammer ကိုဌာနအကြီးအကဲဖြစ်သူ Kurt DelBene ဦးဆောင်သည့် Microsoft Office ဌာနနှင့်ပူးပေါင်းမည်ဖြစ်ပြီး အဆိုပါအဖွဲ့သည် လက်ရှိ Yammer အမှုဆောင်အရာရှိချုပ်ဖြစ်သူ David Sacks ထံသို့ အစီရင်ခံစာတင်ရမည်ဖြစ်ကြောင်း Microsoft ၏ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ကြေညာချက်တွင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်ကို ဖော်ပြခဲ့ခြင်းမရှိသော်လည်း Yammer ၏နည်းပညာကို Office, Office 365, Dynamics (CRM) နှင့် Skype တို့တွင် ထည့်သွင်းအသုံးပြုရန်စီစဉ်နေကြောင်း Microsoft အမှုဆောင်အရာရှိချုပ်ဖြစ်သူ Steve Ballmer နှင့် Yammer အမှုဆောင်အရာရှိချုပ်ဖြစ်သူ David Sacks တို့ကပြောကြားခဲ့သည်။ Yammer သည် မှတ်ပုံတင်ပြီးအသုံးပြုဦးရေ ၅ သန်းကျော်ရှိသည့် လူမှုရေးကွန်ရက်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ 
ရေးသားသူ -နောင်နောင်
Internet Journal

No comments:

Post a Comment