Friday, August 10, 2012

စက်တင်ဘာလ အထိ အနားယူရမည့် ပါကား

စက်တင်ဘာလ အထိ အနားယူရမည့် ပါကား
ဖနောင့်ကြော ဒဏ်ရာအား ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် စပါးစ် အသင်း၏ ကွင်းလယ် ကစားသမား စကော့ပါကားသည် စတင်ဘာလ မတိုင်မီ အထိ ဘောလုံးကစားခြင်းမှ အနားယူရမည် ဖြစ်ကြောင်း သိရသည်။
အသက် (၃၁)နှစ် အရွယ်ရှိ ပါကားသည် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ပြန်လည် ကောင်းမွန်လာရန် အတွက် အချိန်ယူရဦးမည် ဖြစ်သည်။ ပါကားသည် ယူရို-၂၀၁၂ ပြိုင်ပွဲတစ်လျှောက်လုံး ကြံ့ခိုင်မှု နည်းပါးခဲ့သော်လည်း ပွဲစဉ်တိုင်းတွင် ပါဝင် ကစားပေးခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် ခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စပါးစ် အသင်းသို့ (၂၀၁၁)ခုနှစ်တွင် ပြောင်းရွှေ့ရောက်ရှိလာ ခဲ့သည့် ပါကားသည် အသင်း၏ အဓိက ကစားသမား တစ်ဦးအဖြစ် နေရာရနေသူ ဖြစ်ကာ ပြီးခဲ့သော ရာသီက လိဂ်ပွဲစဉ် (၂၉)ပွဲ ပါဝင် ကစားပေးခဲ့သည်။ 
soccer weekly

No comments:

Post a Comment