Friday, August 24, 2012

ရုရှားနိုင်ငံတောင်ပိုင်း ရေကြီးမှုထပ်မံဖြစ်ပွား လေးဦးသေဆုံး


ရုရှားနိုင်ငံတောင်ပိုင်းခရာစနိုဒါပြည်နယ်တွင်သြဂုတ်၂၂ရက်က ရေကြီးမှုထပ်မံဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး
 ဒေသခံ ၁၅၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက နှိုးဆော် ခဲ့ရကြောင်း သိရသည်။ မိုးရေကြီးမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျခဲ့ရပြီး နိုဗိုမစ်ခ်ဟေလို ဗက်စကီမြို့ရှိ အိမ်ခြေ ၆၀၀ သည် ရေကြီးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ ၄င်းမြို့နှင့် အနီးအနားရှိ မြို့များတွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အရေးပေါ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ၄င်းဒေသတွင် ပြီးခဲ့သည့်လကလည်း ရေကြီးမှုဖြစ်ပွားခဲ့ရာ ၁၇၁ ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ရေကြီးမှုဒဏ် ခံစားနေရသော အဆိုပါဒေသအား လိုအပ်သည့် အကူအညီများ ပေးအပ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အရေးပေါ် ၀န်ကြီးဌာနမှ တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။ 
khitlunge

No comments:

Post a Comment