Wednesday, August 1, 2012

ဆဲလ်ဖုန်း ရှစ်သန်းမှ သတင်းအချက်အလက်များ ခိုးယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသားနှစ်ဦး ရဲတပ်ဖွဲ့ဖမ်းဆီး


တောင်ကိုရီးယား နိုင်ငံတွင် ဆဲလ်ဖုန်းကိုင်ဆောင်သူ ရှစ်သန်းခန့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို တရားမ၀င် ခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးအား ၄င်းနိုင်ငံရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ၄င်းတို့နှစ်ဦးသည် ဖုန်းအတွင်းမှ အချက်အလက်များကို ရှာဖွေဖော်ထုတ်နိုင်မည့် ပရိုဂရမ်များကို တီထွင်ခဲ့ပြီး ဖုန်းပိုင်ရှင်များ၏ အမည်များ၊ မှတ်ပုံတင်နံပါတ်များ၊ နေထိုင်ရာဒေသများနှင့် ဖုန်းထဲတွင် ပါဝင်သည့် အသေးစိတ် အချက်အလက်များကိုပါ ခိုးယူခဲ့ကြောင်း ဇူလိုင် ၃၀ ရက်တွင် ဖော်ပြသည့် ရဲတပ်ဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။ ၄င်းတို့သည် အဆိုပါ သတင်းအချက်အလက်များကို ဆက်သွယ်ရေး ကုမ္ပဏီများသို့ ဒေါ်လာ ၈၇၇၀၀၀ ခန့်ဖြင့် ရောင်းချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 
(အင်တာနက်)
khitlunge

No comments:

Post a Comment