ကလပ်နှစ်သင်းကြား ဆွေးနွေးမှုများမှာ
သဘောတူညီမှု ရရှိမည့် အခြေအနေသို့ ရောက်ရှိနေပြီး ကစားသမားသည် လာမည့် အပတ်
အစောပိုင်းတွင် ဆန်းဒါးလန်းသို့ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေသည်ဟု
ခန့်မှန်းရသည်။
အသက် (၂၅)နှစ် အရွယ်ရှိ ဂျွန်ဆင်သည်
မန်စီးတီး အသင်းတွင် နေရာမရ ဖြစ်နေသူဖြစ်ပြီး ပြီးခဲ့သော မတ်လမှ စတင်၍
ဘောလုံး ကစားခွင့် မရခဲ့သူ ဖြစ်သည်။ (၂၀၁၀)ခုနှစ်တွင် မန်စီးတီး အသင်းသို့
စတင် ရောက်ရှိလာခဲ့သည့် ဂျွန်ဆင်သည် စိတ်လှုပ်ရှားဖွယ်ရာ တောင်ပံ ကစားသမား
တစ်ဦးအဖြစ် ခြေစွမ်းပြနိုင် ခဲ့သော်လည်း နည်းပြ မန်ချီနီနှင့် အဆင်မပြေ
ဖြစ်နေခြင်းကြောင့် ယခုလို နေရာ မရဖြစ်နေခြင်း ဖြစ်သည်။
soccer weekly

No comments:
Post a Comment