Friday, August 3, 2012

ဗယ်လ်လီရိုအား ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် ဖီအိုရင်တီးနား

ဖီအိုရင်တီးနားနှင့် သဘောတူညီမှု ရရှိခဲ့သည့် ဗယ်လ်လီရို
ဖီအိုရင်တီးနား အသင်းသည် လာလီဂါ ပြိုင်ပွဲတွင် တန်းဆင်းခဲ့ရသည့် ဗီလာရီးရဲလ် အသင်း၏ ကွင်းလယ် ကစားသမား ဗယ်လ်လီရိုအား ခေါ်ယူရန် အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
ဗီလာရီးရဲလ် အသင်းသည် တန်းဆင်းခဲ့ရသည့် အတွက် အသင်း၏ ထိပ်တန်း ကစားသမားကို လက်လွှတ်ရဖွယ် ရှိနေပြီး ဇာပါတီ နှင့် ရော့ဆီတို့သည်လည်း ဗယ်လ်လီရို၏ လမ်းစဉ်အတိုင်း လိုက်ပါဖွယ်ရှိနေသည်။
“ဖီအိုရင်တီးနားနဲ့ ဗီလာရီးရဲလ် အသင်းတို့ ကြေငြာနိုင်သည်မှာ ကစားသမား ဗယ်လ်လီရို၏ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်ဟု ဖြစ်သည်။ ကစားသမားနဲ့ စာချုပ်ချုပ်ဆိုဖို့သာ ကျန်ပါတော့တယ်”ဟု ဖီအိုရင်တီးနား အသင်းမှ ကြေငြာခဲ့သည်။
စပိန် လက်ရွေးစင် အသင်းတွင် တစ်ပွဲပါဝင် ကစားခဲ့ဖူးသည့် ဗယ်လ်လာရိုသည် နိုင်ငံခြားအသင်းများတွင် တစ်ကြိမ်သာ ထွက်ခွာကစားခဲ့ဖူးသူ ဖြစ်ပြီး ယင်းတစ်ကြိမ်မှာ (၂၀၀၈)ခုနှစ်တွင် ၀က်စ်ဘရွမ်း အသင်းတွင် ကစားခဲ့ဖူးခြင်း ဖြစ်သည်။
soccer weekly

No comments:

Post a Comment