ဝေဟင်၊ ရေပြင်နှင့် ဆီးနှင်းပြင်ပေါ်တွင် မောင်းနှင်နိုင်သော လေယာဉ်ငယ်တစ်စင်းကို အမေရိကန် သိပ္ပံပညာရှင်များက တီထွင်ထုတ်လုပ်ထားပြီး ယင်းလေယာဉ်ကို မကြာမီ ဈေးကွက်သို့ တင်ပို့ရောင်းချတော့မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ ကုန်းရော ရေပါ သွားလာနိုင်သော လေယာဉ်ငယ်ကို လီဆာအာကိုယာ (Lisa Akoya)ဟု အမည်ပေးထားပြီး ဘက်စုံသုံး လေယာဉ်အဖြစ် တည်ဆာက်ထားသည်။ အဆိုပါ လေယာဉ်သည် လူနှစ်ဦး လိုက်ပါစီးနင်းနိုင်သော လေယာဉ်ငယ်ဖြစ်ပြီး မကြာမီ အမေရိကန်ဈေးကွက်၌ ရောင်းချမည်ဖြစ်သည်။ လမ်းခရီးမျိုးစုံ၌ အသုံးပြုနိုင်မည့် ယင်းလေယာဉ်ကို တစ်စင်းလျှင် ဒေါ်လာ ၃၅၀၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ “လီဆာအာကိုယာ” လေယာဉ်ကို ဂျိမ်းစဘွန်းရုပ်ရှင်ဇာတ်ကားများ၌ တွေ့ရှိနိုင်သော အထူးယာဉ်ပျံသဖွယ် ရှုမြင်နိုင်မည်ဖြစ်သည်။
khitlunge

No comments:
Post a Comment