Wednesday, August 15, 2012

လော်ရန်တေးအတွက် ယူရိုသန်း(၂၀) အသုံးပြုမည့် ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းမှ ယူရိုသန်း (၂၀)ဖြင့် ကမ်းလှမ်းမည့် လော်ရန်တေး
ဂျူဗင်တပ် အသင်းသည် ဘီဘာအို အသင်းမှ ထွက်ခွာချင်နေသည့် လော်ရန်တေးအား ခေါ်ယူနိုင်ရန် အတွက် ပြောင်းရွှေ့ကြေးအား ယူရိုသန်း (၂၀)ထိ တိုးမြှင့်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဂျူဗင်တပ် အသင်းသည် ပြီးခဲ့သော အပတ်ကလည်း လော်ရန်တေးအား ယူရို (၁၆)သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး ပယ်ချခြင်း ခံခဲ့ရသောကြောင့် ပြောင်းရွှေ့ကြေး တိုးမြှင့်ပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
ဘီလ်ဘာအို အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူမှ လော်ရန်တေး၏ စာချုပ်တန်ကြေး ဖြစ်သော ယူရို (၃၆)သန်း မရရှိပါက ရောင်းချလိမ့်မည် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသော်လည်း ဂျူဗင်တပ် အသင်းမှ ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀)နှင့် အောင်မြင်မှုပေါ်မှုတည်၍ အပိုဆုကြေးများဖြင့် ပေးချေရန် စီစဉ်နေခြင်း ဖြစ်သည်။
လော်ရန်တေးအား ပရီးမီးယားလိဂ် အသင်း အများစုမှ ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ဂျူဗင်တပ် အသင်းသို့ ရောက်ရှိရန် ပိုမိုနီးစပ်နေသည်။ 
soccer weekly

No comments:

Post a Comment