Saturday, August 18, 2012

ခိုင်သင်းကြည်ပြောတဲ့ သရုပ်ဆောင် အသစ်တွေ အကြောင်း


“ဘဝ အိပ်မက်ပန်းအိပ်မက်” ဇာတ်ကားမှာ ခိုင်သင်းကြည်က ခန့်စည်သူ၊ ဖိုးသောကြာ တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ ခိုင်သင်းကြည်က အပျိုကြီး တစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ
်။ ဒီဇာတ်လမ်းလေးကို ဝတ္ထု ထွက်ကတည်းက ဖတ်ဖူးပြီးတော့ ဇာတ်လမ်းကို ကြိုက်သွားတဲ့ အတွက် ရိုက်ဖြစ်တယ်လို့ ခိုင်သင်းကြည် ကပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေ များ လာတာနဲ့အမျှ ဇာတ်တွေကို ကိုယ်တိုင် ရွေးချယ်ပြီး ရိုက်တာထက် ဒါရိုက်တာတွေ လာအပ်တဲ့ ဇာတ်တွေ ကို အဓိကထားရိုက်ဖြစ်တယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။ သရုပ်ဆောင် အလုပ်ကို ဝါသနာ တအားပါလို့ လုပ်ခဲ့တာဖြစ်တဲ့ အတွက် ဒီအလုပ်မှာ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ ဘယ်လောက်ပဲ အခက် အခဲတွေ့တွေ့ မပင်ပန်းကြောင်း၊ စိတ်အားငယ်မှုလည်း မရှိသလို စိတ်လည်း ပျက်မသွားကြောင်း ခိုင်သင်းကြည် ကပြောပါတယ်။ “ကျွန်မက အလုပ် လုပ်ပြီ ဆိုရင် စိတ်ရော၊ ကိုယ်ရောထည့် ပြီးတော့ ကိုယ်လုပ်ရမယ့် အိုက်တင်ပေါ်မှာ၊ အလုပ်အပေါ်မှာ စူးစိုက်ပြီးတော့ အားသွန်ခွန်စိုက် လုပ်တယ်။ နောက်တစ်ခုက ပရိသတ်ပေါ့။ ပရိသတ်က ကျွန်မကို ချစ်နေကြ တဲ့အတွက် ကျွန်မကံက အခုချိန် ထိရှိနေသေးလို့လည်း ပရိသတ်နဲ့ အခုအချိန်ထိ ရပ်တည် လို့ရတာပါ” လို့ ခိုင်သင်းကြည်ကပြောပါတယ်။ ခိုင်သင်းကြည်က အခုထွက်ပေါ်လာတဲ့ သရုပ်ဆောင်သစ်တွေက အရင် သရုပ်ဆောင်တွေထက် လုပ်နိုင်ရင်လုပ်နိုင် သလို အခွင့်အရေး တွေရှိတယ်လို့ ဆက်လက်ပြောပြပါတယ်။ “အခုသရုပ်ဆောင်သစ် တွေက ကျွန်မတို့ တုန်းကနဲ့စာရင် ပိုပြီးတော့ အတတ်မြန်တယ်လို့ ထင်တယ်။ အခွင့်အရေး တွေလည်း ပိုရတယ်။ နောက်ပြီးတော့ သူတို့တွေက အချိန်တိုအတွင်းမှာ အသိမြန်တယ်။ အိုက်တင်တွေလည်း လုပ်တာပိုပြီးတော့ အတတ်မြန်တယ်” လို့ပြောပါတယ်။ သရုပ်ဆောင် သစ်တွေ များလာသလို သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာ ဖို့ဆိုရင် အဓိကက ဝါသနာပါ ဖို့လိုတယ်လို့ပြောတဲ့ ခိုင်သင်းကြည်က” ဝါသနာပါဖို့ လိုပါတယ်။ ဘယ်အလုပ်မဆို ဝါသနာမပါရင်တော့ စိတ်ရှည်မှာလည်း မဟုတ်ဘူး။ ဇွဲရှိမှာလည်း မဟုတ်ဘူး။ သည်းခံ တတ်မှာလည်း မဟုတ်ဘူး။ အဲဒီတော့ အဓိကက ဝါသနာပါ ရမယ်။ ကိုယ်က ဒီအလုပ်ကို ဝါသနာပါလို့ လုပ်တာလား၊ ဒါမှမဟုတ် ပေါ်ပင်ဖြစ်ချင်လို့ လုပ်တာလားပေါ့။ တကယ် ဝါသနာ ပါရမယ်။ ပြီးရင် လေ့လာရမယ်၊ ကြိုးစားရမယ်။ နောက်တစ်ခုက သူ့မှာ စန်းရှိရမယ်၊ ကံပါရမယ်။ အနုပညာ ပါရမီပါမယ်ဆိုရင်တော့ ပြောစရာမလိုအောင်ဖြစ်သွား မယ်” လို့ပြောပါတယ်။
လွင်လွင်ထွန်း
Popular facebook

No comments:

Post a Comment