ခန္ဓာကိုယ်ရှိ ကြွက်သား များကို အစီအစဉ်အလိုက် ကျုံလိုက်၊ ဖြေလျှော့ လိုက်လုပ် ပေးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျှော့ချနိုင်ပါတယ်။ သင်၏ခြေ ချောင်းများကို ၁၀ စက္ကန့်ကြာမျှ တတ်နိုင်သမျှကျုံထားပြီးနောက် ၁၀ စက္ကန့် ကြာ ပြန်လည်ဖြေလျှော့ပေးပါ။ ယင်းမှတစ်ဆင့် ခန္ဓာကိုယ်အောက်ပိုင်းမှ အပေါ်ဘက်ပိုင်း နေရာများသို့ တဖြည်းဖြည်းချင်းစီ ဖြေလျှော့ပေးပါ။ ခြေထောက်၊ ဝမ်းဗိုက်၊ လက်ချောင်း၊ လက်မောင်း၊ လည်ပင်း၊ မျက်နှာ စသည့် နေရာ များမှ ကြွက်သားများကို အထက်မှာ ဖော်ပြခဲ့သည့် နည်းလမ်းအတိုင်း ဖြေလျှော့ နိုင်ပါတယ်။
ဦးလှမြင့်(ဂန္ဓမာ) Ref : Do it Yourself Health
Health Digest

No comments:
Post a Comment