Wednesday, August 15, 2012

ဆောင်းနှင့် ပတ်သက်၍ ဘာစီလိုနာအသင်းမှ ဆက်သွယ်ခြင်း မရှိဟု ၀င်းဂါးငြင်းဆို

ဘာစီလိုနာ၏ ဆက်သွယ်မှု မရှိသေးသော ဆောင်း
အာဆင်နယ် အသင်း၏ နည်းပြဖြစ်သူ ၀င်းဂါးမှ ဘာစီလိုနာ အသင်းသည် ဆောင်းနှင့် ပတ်သက်၍ မည်သည့် လေ့လာဆက်သွယ်မှုမှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဘာစီလိုနာ အသင်းသည် ဆောင်းအား ခေါ်ယူရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သတင်းများက ဖော်ပြနေမှု အပေါ် ၀င်းဂါးမှ ငြင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ၀င်းဂါးမှ ကလပ်နှစ်သင်းကြား မည်သည့် ဆက်သွယ်မှုမှ မရှိကြောင်းနှင့် ယခုသတင်းများမှ စပိန် မီဒီယာများ၏ ဖန်တီးမှုသာ ဖြစ်သည်ဟု ဝေဖန် ပြောဆိုခဲ့သည်။
“ဆောင်းနဲ့ ပတ်သက်ပြီး ဘာမှဖြစ်လာစရာ မရှိပါဘူး၊ ဆောင်းရဲ့ စာချုပ်သက်တမ်းက (၃)နှစ် ကျန်ပါသေးတယ် သူ့ရဲ့ အခြေအနေက ဗန်ပါစီနဲ့ မတူပါဘူး၊ စပိန်မှာက သတင်းစာတွေက ဘာမှ အတိအကျ မရှိပါဘူး အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ အတွေ့အကြုံ ရှိပြီးသားပါ”ဟု ၀င်းဂါးက ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment