Sunday, August 12, 2012

အီရန်ငလျင် လူ ၁၈၀ သေဆုံး

အီရန် ငလျင်ဘေးသင့်ရာ နေအိမ်များ။ (၀၈၊ ၁၁၊ ၂၀၁၂။)

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက Tabriz မြို့နားမှာ ငလျင်နှစ်ခု မိနစ်ပိုင်းပဲခြားပြီး လှုပ်သွားခဲ့တာမို့ လူ (၁၈၀) သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ လူပေါင်း (၁၃၀၀) လောက်လည်း ဒဏ်ရာရသွားကြပါတယ်။

အနည်းဆုံး ကျေးရွာ (၆) ရွာလည်း လုံးဝပြားချပ်သွားပြီး နောက်ထပ် ကျေးရွာ (၆၀) လောက်က ၅၀% ကနေ ၈၀% လောက်ထိ ထိခိုက် ပျက်ဆီးသွားတယ်လို့  အစိုးရ ရုပ်မြင်သံကြားဌာနက ကြေညာပါ တယ်။ ဒီငလျင်တွေ ပြင်းအား ဘယ်လောက်စီရှိကြလဲဆိုတာမှာတော့ တိုင်းတာချက်တွေက နည်းနည်း ကွာခြားနေပေမယ့် ပြင်းအား ၆ (ဒါမှမဟုတ်) ၆ အထက်မှာရှိကြတယ်လို့ Tehran တက္ကသိုလ်ရော အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကပါ ပြောပါတယ်။

နောက်ဆက်တွဲ ငလျင်တွေလည်း လှုပ်ခဲ့ပြီး နောက်ထပ်လည်း ထပ်လှုပ်မှာစိုးရိမ်လို့ လူတွေ ညဘက် အိမ်အပြင်မှာပဲနေကြဖို့ အရာရှိတွေက နှိုးဆော်ထားပါတယ်။  အီရန်နိုင်ငံမှာက ငလျင် မကြာခဏ လှုပ်လေ့ရှိပေမယ့် ငလျင်ပြင်းပြင်းလှုပ်တာကတော့ ရှားပါတယ်ရှင်။ 
VOA

No comments:

Post a Comment