Friday, August 24, 2012

အဒမ်အသင်းမှ ထွက်ခွာရန် စီစဉ်နေသည် ဆိုသော သတင်းများကို ရော်ဂျာငြင်းဆို

လီဗာပူးလ်မှ ထွက်ခွာမည် မဟုတ်သည့် အဒမ်
လီဗာပူးလ် အသင်း၏ နည်းပြဖြစ်သူ ရော်ဂျာသည် ကွင်းလယ် ကစားသမား အဒမ် အသင်းမှ ထွက်ခွာရန် စီစဉ်နေသည် ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။
ချာလီအဒမ်သည် ပြီခဲ့သော ရာသီက လီဗာပူးလ် အသင်းသို့ ပေါင် (၆.၇၅)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ ဖြစ်ပြီး လိဂ်ပွဲစဉ် (၂၈)ပွဲ ပါဝင်ကစားထားပြီး (၂)ဂိုးသွင်းယူထားနိုင်သူ ဖြစ်သည်။
သို့သော်လည်း လီဗာပူးလ် အသင်း၏ နည်းပြသစ် အဖြစ် ရော်ဂျာအား ခန့်အပ်ခဲ့ပြီးနောက် အဒမ်အသင်းမှ ထွက်ခွာရန် စီစဉ်နေသည် ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
ရော်ဂျာမှ အဒမ်အား အသင်းက ခေါ်ယူခဲ့စဉ်တွင် ပြောင်းရွှေ့ကြေးများစွာ သုံးစွဲခဲ့ရကြောင်း၊ ပြီးခဲ့သော ရာသီက ဒဏ်ရာ ပြဿနာကြောင့်သာ ရုန်းကန်ခဲ့ရခြင်း ဖြစ်ပြီး ယခုအချိန်တွင် လေ့ကျင့်ခန်းများ ပြင်ထန်စွာ ပြုလုပ်ထားပြီး ရာသီကြို ခြေစွမ်းပွဲစဉ်များတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပုံမှန် ကစားခွင့် အတွက် တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေပြီ ဖြစ်ကြောင်းဖြင့် ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုခဲ့သည်။
soccer weekly

No comments:

Post a Comment