Saturday, August 11, 2012

ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များ ထပ်တိုး


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါအမိန့်အရ ကျောက်တော်မြို့နယ်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များတွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ အိမ်ပြင်မထွက်ရန် တားမြစ်ထားသည်ဟုလည်း အဆိုပါဝန်ထမ်းက ပြောသည်။
“ကျောက်တော်မှာရော ကျောက်တော် အပိုင် ရွာတွေမှာပါ ဒီအမိန့်က အကြုံးဝင်တယ်လို့ ကျောက်တော် အုပ်ချုပ်ရေးမှူးရုံးမှာ စာကပ်ထားပါတယ်။ ကျနော်တို့ကတော့ မီးလောင် ဖျက်ဆီးခံရတဲ့ ဂုတ်ပီထောင့် ရွာကို စားနပ်ရိက္ခာ၊ ဆေးနဲ့ ငွေတွေ သွားကူဖို့ စီစဉ်ထားပါတယ်” ဟု ကျောက်တော် ရခိုင်အမျိုးသား ပရဟိတ အဖွဲ့မှ အတွင်းရေးမှူး ကိုမြတ်လှ က မဇ္ဈိမကို ပြောသည်။

ကာဖျူးအမိန့် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍သြဂုတ်လ၄ရက်နေ့နှင့်၅ရက်နေ့များတွင် ကျောက်တော်မြို့နှင့် ငါးမိုင်ခန့်အကွာရှိဂုတ်ပီထောင့် ကျေးရွာတွင်အိမ်ခြေ၁ဝဝ ကျော်မီးရှို့ခံခဲ့ရပြီးလူခုနှစ်ဦး သေဆုံးသည့် ဖြစ်ရပ်
နှင့် ကျောက်တော်နှင့်၇၉မိုင်ခန့်ဝေးသည့်ရွာငါးရွာတွင်လူနေအိမ်များမီးရှို့ခံခဲ့ရခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း လေးဝတီ ရခိုင်ငြိမ်းချမ်းရေး ကွန်ယက်မှ အဖွဲ့ဝင်အချို့က ယူဆကြသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊အကြမ်းဖက်မှုများကြောင့်စစ်တွေ၊ဘူးသီးတောင်၊ မောင်တော၊
ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ဇွန်လ ၈ ရက်နေ့မှစတင်၍ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဇွန် လ ၁ဝ ရက်နေ့မှစ၍ ရခိုင်ပြည်နယ် တခုလုံးကို သမ္မတ ဦးသိန်းစိန် က အရေးပေါ် အခြေအနေ ကြေညာထားသည်။
မဇ္ဈိမ

No comments:

Post a Comment