Sunday, August 5, 2012

အေစီမီလန် အသင်းသို့ ရော့စီပြောင်းရွှေ့ ကစားမည်ဆိုခြင်းကို ဗီလာရီးရဲလ်အသင်းငြင်းဆို

အေစီမီလန် အသင်းမှ စိတ်ဝင်စားနေသည့် ရော့စီ
ဗီလာရီးရဲလ် အသင်းသည် အေစီမီလန် အသင်းသို့ ရော့စီပြောင်းရွှေ့ရန် ပြင်ဆင်နေသည် ဆိုသော သတင်းများကို ငြင်းဆန်ခဲ့သည်။
အီဗရာဟီမိုဗစ်ခ်ျ ထွက်ခွာသွား ခဲ့သည့် အေစီမီလန် အသင်းသည် ဈေးကွက်အတွင်း တိုက်စစ်မှူးသစ် ရှာဖွေနေပြီး အမေရိကန်ဖွာ အီတလီ လူမျိုး ရော့စီမှာ ယင်းကလပ်၏ နောက်ဆုံး ပစ်မှတ်လည်း ဖြစ်လာခဲ့သည်။
သို့သော်လည်း လာလီဂါ ပြိုင်ပွဲမှ တန်းဆင်းခဲ့ရပြီး လက်တလောတွင် ဗယ်လ်လာရို နှင့် ရိုဒရီဂွတ်ဇ်တို့ နှစ်ဦးကို ဖီအိုရင်တီးနား အသင်းသို့ ထုတ်ရောင်း ခဲ့ရသည့် ဗီလာရီးရဲလ် အသင်းက ကျန်ရှိနေသော အဓိက ကစားသမားများကို ရောင်းချရန် ဆန္ဒမရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ရော့စီကို အေစီမီလန်ကို ရောင်းဖို့ ပြောဆိုထားခြင်း မရှိပါဘူး၊ ဒီတစ်ကြိမ်က ပထမဆုံး ကြားရမိတာပါ”ဟု ဗီလာရီးရဲလ် အသင်း၏ ဒုဥက္ကဋ္ဌမှ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment