Thursday, August 23, 2012

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း၌ တောမီးကူးစက်ပြီး အိမ် ၅၀ ခန့်မီးဘေးသင့်


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ပိုင်း မင်တန်မြို့ပြင်တွင် မြီးခဲ့သည့်ရက်က တောမီးလောင် ကျွမ်းမှုမှတစ်ဆင့် အိမ် ၅၀ ခန့် မီးကူးစက် လောင်ကျွမ်းခံရကြောင်း မီးသတ်အရာရှိများက သြဂုတ် ၂၂ ရက်တွင် ပြောကြားသည်။ ဆက်ရာမင်တိုမြို့ မြောက်ဘက် မိုင် ၁၇၀ ခန့် အကွာတွင်ရှိသော ရှိုင်းလက်တောင်း၊ မင်တန်နှင့် ဗီတိုလာမြို့များရှိ နေအိမ် ၃၅၀၀ ခန့်သည် တောမီးကူးစက်လောင်ကျွမ်းခံရနိုင်မှုနှင့် ကြုံတွေ့ရနိုင်သဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၁၉၀၀ ခန့်တို့က မီးငြှိမ်းသတ်ရေး ၀ိုင်းဝန်းကြိုးစားခဲ့ကြသည်။ သို့သော် တောမီးကူးစက်လောင်ကျွမ်းမှုကြောင့် မင်တန်မြို့ပြင်တွင် အိမ် ၅၀ ခန့် မီးဘေးသင့်ခံခဲ့ရသည်။ အချို့အိမ်များမှာ အနည်းငယ်မျှ မီးလောင်မှု ခံရသော်လည်း အိမ်အချို့မှာ ဆိုးရွားစွာ မီးလောင် ခံခဲ့ရသည်။
khitlunge

No comments:

Post a Comment