Wednesday, August 29, 2012

ဂီတဖျော်ဖြေပွဲ ရုပ်ရှင်တစ်ရပ်နဲ့ ဂျနီဖာလိုပက်ဇ်


အဆိုတော် မင်းသမီး ဂျနီဖာလိုပက်ဇ်က ဂီတ ဖျော်ဖြေပွဲ ရုပ်ရှင် တစ်ကား ထုတ်လုပ် ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါ တယ်။ ရုပ်ရှင်က 3D ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ လိုပက်ဇ်ဟာ ခုအခါ ဒီဂီတဖျော်ဖြေပွဲ ရုပ်ရှင်ကို စတင် ရိုက်ကူး နေခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်း သတင်းများက ပြောပါ တယ်။
ဇာတ်ကားရဲ့နာမည်ကို Dance Again လို့ ပေးထား ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်ခဲ့တဲ့ လိုပက်ဇ်ရဲ့ဘဝ တစ်စိတ်တစ် ပိုင်းအကြောင်းလည်း ဒီရုပ်ရှင်မှာပါဝင်မှာဖြစ်ကြောင်း သိရ ပါတယ်။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ ရင်ဆိုင်ဖြတ်ကျော် ခဲ့တဲ့ လိုပက်ဇ်ရဲ့ အကြောင်းတွေလည်း တင်ဆက်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
First News Journal

No comments:

Post a Comment