Friday, August 3, 2012

ကွာတားဖိုင်နယ်တွင် ဂစ်ပါဝင်နိုင်မည်ဟု ပီယာ့စ်အတည်ပြု

ကွာတားဖိုင်နယ်တွင် ပါဝင်နိုင်မည့်ဂစ်
စနေနေ့တွင် ကစားရမည့် တောင်ကိုရီးယား အသင်းနှင့် ကွာတားဖိုင်နယ် ပွဲစဉ်အတွက် ဂရိတ်ဗြိတိန် အသင်း၏ အသင်းခေါင်းဆောင်ဂစ်သည် ကြံ့ခိုင်မှု ပြည့်ဝနေမည် ဖြစ်ကြောင်း နည်းပြ ပီယာ့စ်မှ ထုတ်ဖော် ပြောဆိုခဲ့သည်။
ဂစ်သည် ဥရုဂွေး အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်နှင့် လွဲချော်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဂစ်သည် တောင်ကိုရီးယားနှင့် ကစားမည့် ပွဲစဉ်တွင် ပွဲထွက် ကစားသမား အဖြစ် ပါဝင်နိုင်မည် ဖြစ်ကြောင်း ပီယာ့စ်က ထုတ်ဖော် ပြောဆိုခဲ့သည်။
“သူအဆင့်သင့် ဖြစ်ပြီး ပါဝင် ကစားနိုင်မှာ အသေအချာပါပဲ၊ ကျွန်တော်တို့ ဒီမနက်ကပဲ ကစားရခြင်း မရှိသေးသူတွေ ပွဲစက မပါဝင်သူတွေနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်၊ ရိုင်ယန်လည်း ဘာပြဿနာမှ မရှိပဲနဲ့ လေ့ကျင့်ခန်း ပြုလုပ်နေပါတယ်၊ ဒါကြောင့် စနေနေ့ ပွဲစဉ်အတွက် သူလည်း အခြားသော ကစားသမားတွေနဲ့ အတူ ရွေးချယ်ခံခွင့် ရှိနေပါတယ်”ဟု ပီယာ့စ်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ပီယာ့စ်မှ ဆက်လက်ပြီး လန်ဒန် (၂၀၁၂) ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိခြင်းက သူ၏ နည်းပြဘ၀တွင် အောင်မြင်မှု လမ်းစဖြစ်သည်ဟု ဖွင့်ဟပြောဆို ခဲ့သည်။ 
soccer weekly

No comments:

Post a Comment