Wednesday, August 29, 2012

ဗီလာနိုဗာ အတွက် အယူခံဝင်မည့် ဘာစီလိုနာ

ပွဲကြီးကြပ်ခွင့် ပိတ်ပင်ခံထားရသည့် ဗီလာနိုဗာ
ဘာစီလိုနာ အသင်းသည် အိုဆာဆူနာ အသင်းနှင့် ပွဲစဉ်တွင် အနီးကတ် ပြခံခဲ့ရပြီး ပွဲညွှန်ကြားခွင့် ပိတ်ပင်ခံထားရသည့် နည်းပြ ဗီလာနိုဗာ အတွက် အယူခံဝင်ရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။
ဗီလာနိုဗာသည် အဆိုပါ ပွဲစဉ်၏ ပွဲကစားချိန် မိနစ် (၇၀)တွင် စည်းကြပ်ဒိုင်နှင့် အောင်ဟစ်အငြင်းပွားမှု ဖြစ်ခဲ့ပြီး ပွဲကြည့်စင်သို့ ထွက်ခွာခဲ့ရသူ ဖြစ်သည်။ အဆိုပါ ပွဲစဉ်အား ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်၏ အစီရင်ခံစာတွင် “အကူဒိုင်ရဲ့ သတိပေးခြင်းကို ခံခဲ့ရပြီးနောက် ဒေါသတကြီး ပြန်လည် တုံ့ပြန်ခဲ့သည့် အတွက် ယခုလို ပြုလုပ်ရခြင်း ဖြစ်သည်”ဟု ဖော်ပြခဲ့သည်။
ဘာစီလိုနာ အသင်းသည် ဗီလာနိုဗာအတွက် အယူခံဝင်မှုအား ယနေ့တွင် ပြုလုပ်မည် ဖြစ်သည်။
soccer weekly

No comments:

Post a Comment