Friday, August 3, 2012

မော်ရာအား ယူရို (၂၇)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် အင်တာမီလန်

အင်တာသို့ ရောက်ရှိရန် နီးစပ်နေသည့် မော်ရာ
အင်တာမီလန် အသင်းသည် မော်ရာအား ခေါ်ယူရန် အတွက် ဆော်ပေါ်လို အသင်းနှင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အသက် (၁၉)နှစ် အရွယ်ရှိ မော်ရာသည် ယခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် အင်တာ၊ မန်ယူ နှင့် ရီးရဲလ် အသင်းများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်သည်။ ကြာသပတေးနေ့ အစောပိုင်းက အင်တာ ဥက္ကဋ္ဌ မိုရက်တီသည် မော်ရာ၏ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ယခုအခါတွင် နှစ်သင်းကြား ကနဦး ပြောင်းရွှေ့ကြေး ယူရို (၂၇)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကာ ကစားသမား၏ ခြေစွမ်းပေါ် မူတည်၍ ပြောင်းရွှေ့ကြေးမှာ ယူရို (၃၂)သန်းထိ တိုးမြင့်သွားမည် ဖြစ်သည်။ အင်တာမီလန် အသင်းသည် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သောကြောင့် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူရန်သာ လိုအပ်တော့သည်။ 
soccer weekly

No comments:

Post a Comment