Sunday, August 5, 2012

အိုလံပစ်ပြိုင်ပွဲတွင် ဂရိတ်ဗြိတိန်အသင်း ပါဝင်ယှဉ်ပြိုင်ရန် မဖြစ်နိုင်ဟု ပီယာ့စ်သုံးသပ်ပြောဆို

ဂရိတ်ဗြိတိန် အသင်း၏ နည်းပြပီယာ့စ်
ဂရိတ်ဗြိတိန် အသင်း၏ နည်းပြဖြစ်သူ ပီယာ့စ်မှ အနာဂတ် အိုလံပစ် ပြိုင်ပွဲများတွင် ဂရိတ်ဗြိတိန် ဘောလုံးအသင်း ၀င်ရောက် ယှဉ်ပြိုင်ရန် ဖြစ်နိုင်ဖွယ် မရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
(၁၉၆၀)ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂရိတ်ဗြိတိန် အသင်းသည် ယမန်နေ့ည ပြိုင်ပွဲတွင် တောင်ကိုရီးယား အသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ဂရိတ်ဗြိတိန် အသင်းသည် လန်ဒန်တွင် ကျင်းပသည့် အိုလံပစ် ပြိုင်ပွဲဖြစ်ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်ကာ ပီယာ့စ်က နောက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် ဂရိတ်ဗြိတိန် အသင်း အနေဖြင့် ခြေစစ်ပွဲ အောင်နိုင်ချေမရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ဂရိတ်ဗြိတိန် အသင်းအတွက် အိုလံပစ် ပြိုင်ပွဲက တကယ့်ကို စိတ်ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်၊ ဒါပေမယ့် ဒီလိုမျိုး နောက်တစ်ကြိမ် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး၊ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရဖို့ ကျွန်တော့် အချိန်ဘယ်လောက်စောင့်ရဦး မလဲ မသိပါဘူး”ဟု ပီယာ့စ်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment